သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ကူညီ ဆောင်ရွက်နိုင်စေရန် အသင့် စုဖွဲ့ထားရှိမှု လေ့ကျင့်ခန်းဆောင်ရွက်

မြဝတီ မတ် ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်း များနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများအား  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ ရှာဖွေ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အပြင် ပြည်သူများအား ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေးကျရောက်ပါက အချိန်မီ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေ ရန်အတွက် ရပ်ကွက်၊ ကျေးရွာများ တွင်လည်း တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်းဖြင့် ကြိုတင်ပြင်ဆင် စီမံထားရှိကြောင်း ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)