ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အရေးပေါ် ကယ်ဆယ် ရေး ပြုလုပ်ရန် တပ်ဖွဲ့ဝင်များလေ့ကျင့်

နမ့်ဆန် မတ် ၂၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များမှ မှာကြားရှင်းလင်းဆောင်ရွက်မှုကို အဆိုပါ ဦးစီးဌာနဝန်းအတွင်း၌ ယမန်နေ့မွန်းလွှဲ(၁)နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇော်မိုးက သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့် အချက်များ၊ လုပ်ဆောင်ရမည့်အချက်များ၊ ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်