ပုလော မတ်လ ၂၂
ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားနိုင်သဖြင့် တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ပြည်သူများအား မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မတ်လ ၂၁ရက် ညနေပိုင်းက ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်းပြုနေသူ အများဆုံးနေထိုင်သည့် ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ အခမဲ့ဖြန့် ဝေပေးခဲ့ကြသည်။
ထိုသို့ မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များတွင် မုန်တိုင်းသတိပေးချက် ရရှိပါက ဆောင်ရွက်ရန်၊ လိုက်နာရန်နှင့်မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မုန်တိုင်းသတိပေးချက် အရောင်သင်္ကေတ အဆင့် (၅) ဆင့် စသဖြင့် အသိပညာပေးဆိုင်ရာများပါရှိပြီး မုန်တိုင်းအန္တရာယ် အသိပညာပေးလက်ကမ်းစာ စောင်နှင့်အတူ လေပြင်းဘေး၊ ရေဘေး၊ မြေပြိုဘေး စသည့် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ (၃၀၀)ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း ကို အခမဲ့ဖြန့် ဝေခဲ့သည်။
အေးအေးမော်(ပုလော)