မိုင်းရှူးမြို့၌ ရှေးဦးပြုစု​ခြင်း အခြေခံသင်တန်း အမှတ်စဉ် (၈/၂ဝ၂၂) ဖွင့်လှစ်မည်

မိုင်းရှူး  မတ်   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီအသင်း (ခွဲ)မှ ကြီးမှူး ဖွင့်လှစ်မည့်ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို မတ်လ၂၃ ရက်နေ့၌ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဦးစိုင်းစိုး ထွန်း(မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့မှူး)၊ ဒေါ်နန်းမွန်းဆာ (မြို့နယ်ကြက်ခြေနီဒုတပ်ဖွဲ့မှူး)၊ ဒေါ်နန်း ညွန့်စိန်(မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး)၊ ဒေါ်နန်းမိုခမ်း (မြို့နယ်ကြက်ခြေနီဒုတပ်ခွဲမှူး)၊ ဒေါ်နန်းလှနွယ် (မြို့နယ် ကြက်ခြေနီတပ်စုမှူး)၊ဒေါ်နန်းမျိုး ကေသီအောင်(မြို့နယ်ကြက်ခြေနီ အရာခံဗိုလ်)တို့က နည်းပြအဖြစ် တာဝန်ယူပို့ချ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံများသိရှိရန်၊ ကြက်ခြေနီတပ်ဖွဲ့ဝင် တိုးပွားလာစေရန်၊ အခြေခံကျောင်းများနှင့် ရပ်ရွာလူထုအတွင်း ရှေးဦး ပြုစုခြင်းဆိုင်ရာ နည်းပညာများ ပိုမိုသိရှိလာစေရန်၊ ကျောင်းများတွင် ဘေးအန္တရာယ်ကျ ရောက်လာပါက ဆေးရုံမရောက်မီ အမြန်ဆုံးနှင့် အထိရောက်ဆုံးကြိုတင် ကုသကာကွယ် နိုင်စေရန်နှင့် ဆင်းရဲဒုက္ခနည်းပါးသက် သာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်း သား(၃ဝ) ဦးတက်ရောက်ရန်လျာထားကြောင်းနှင့် သင်တန်းကို မတ်လ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ (သုံးရက်) ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)