ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု (၄၃၆၇၈၇)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်

ညောင်ဦး  မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၄၃၆၇၈၇ ဦး ထိုးပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိ ရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာ ဖြင့်ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၈၃၇၉၅ ဦး၊ Sinovac ပထမအကြိမ် ၃၈၄၇ဦး၊ Sinovac ဒုတိယအကြိမ် ၃၆၁၁ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၅၄၁၂)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၆၂၉ဦး၊ Phase -7 Covisheld ဒုတိယအကြိမ်(၂၃၁)ဦး၊Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ပထမအကြိမ် ၁၆၈၉ဦး၊  Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin ၂၂၀ဦး၊ Phase -8 Covisheld ပထမအကြိမ် ၁၃၉၁၅ဦး၊ Phase 8 Sinopharm (၉၀၅)ဦး၊Phae-8 Covaxin ပထမအကြိမ် (၄၀၀)ဦးထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါ ကာကွယ် ဆေးထိုး ပေးနိုင်မှု ၂၁၄၁၉၅ ဦးထိုးပေးနိုင်ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမ အကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၈၂၉ဦး၊ Phase -6 Covisheld ပထမအကြိမ် ၆၇၁၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ် ၄၈၂၉ဦး၊ Phase -7 Covisheld ပထမအကြိမ် ၄၅၃၂ဦး၊ Booster Sinopharm (၅၀ )ဦး ၊ Phase -7 Sputnik Light (First Doest)  ၁၆၃၀ဦး၊Pharse-7 Covsheld ၂၂၂၂ဦး၊ Sputnik Light (Booster) (၂၃၇၀) ဦး၊ Booter Covaxin(-) ဦး၊ Phase -8  Covisheld ပထမအကြိမ် (၂၀၂၉၅)ဦး၊Phase-8 Sinopham (-)ဦး၊ထိုးနှံပေးပြီးဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါ ကာကွယ် ဆေးထိုးပေးနိုင်မှု ၂၂၂၅၉၂ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ၄၃၆၇၈၇ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက် ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေး ထိုးအဖွဲ့ များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင် ကရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD