မိုင်းခတ် မတ်၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မြို့မ အားကစားကွင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အားကစားကွင်း ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းအားကစားကွင်း ပြုပြင်ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်ရေး၊ရေဝပ်ခြင်းများ မဖြစ်ပေါ်စေရန် ကွင်းအတွင်းရေမြောင်းများ ဖောက်လုပ်ပေးခြင်း၊ဘောလုံးကွင်းအတွင်း မြက်ကပ်ခြင်းလုပ်ငန်းများကို၂၀၂၁-၂၀၂၂ခုနှစ်ဘဏ္ဍာရေးနှစ် လုပ်ငန်း ခွင့်ပြုရန်ပုံငွေ၆၄. ၂သန်းဖြင့် ရွှေအိမ်လင်းသစ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်