တံတား မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ယနေ့ပြုလုပ်သော စာစီစာကုံး ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊ မြန်မာ့သမိုင်းကြောင်းကို ဖတ်ရှုလေ့လာ၍ နေ့ထူးနေ့မြတ်များ ဖြစ်တည်လာပုံ အနှစ်သာရကို သိရှိနိုင်စေရန်၊ ဇာတိသွေးဇာတိမာန် နိုးကြား တက်ကြွလာစေရန်၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုစသော အရည်အသွေးကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို အထက်တန်းအဆင့် နဝမတန်း ကျောင်းသား/ ကျောင်းသူ (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရ သည်။
မိုးဖြူလွင်(ပြန်/ဆက်)