စဉ့်ကိုင်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင် မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား၊  ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး   အသိပညာပေး  လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက ယနေ့နံနက်(၁၁၃၀)နာရီတွင် အခြေခံပညာ  အထက်တန်းကျောင်း ( စဉ့်ကိုင် )နှင့်   မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် စာငှား၊ စာဖတ်ပရိတ်သတ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော "ရောင်ခြည်သစ်" လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊  ကလေးအလုပ်သမားပပျောက်ရေး ၂၀၁၉ မှ ၂၀၂၃- ခုနှစ် ၊ ပထမ(၅)နှစ်၊ စီမံချက်၊ ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏  အလုပ်ချိန် ကန့်သတ်ချက်များ ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးသူငယ်များ၏  အသက်အရွယ်၊  လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် များ၊ အစရှိသည့် ဗဟုသုတရစေမည့် အကြောင်းအရာများ ပါ၀င်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)