စမ်းချောင်း မတ် ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန်က covishield phase 7(ဒုတိယ)အကြိမ် ထိုးနှံသူ(၁၁) ဦး နှင့် covishield phase 8 (ပထမ) အကြိမ် ထိုးနှံသူ(၁၆၅)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ သူ(၁၇၆)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီး မှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိ ရသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင်မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိမိခိုင်နှင့် ဝန်ထမ်းများ၊မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ခင်ငြိမ်းချမ်းဝင်း