လောင်းလုံး မတ် ၂၂
လျှပ်စစ်ဓာတ်အားနှင့်ရေကိုခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကို ယမန် နေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဦးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာပေး ဗဟုသုတရရှိစေရန်အတွက် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ ကဏ္ဍ အလိုက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောကြားပြီး မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်ဆန်းမှ ပြည်သူများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံများတွင် လျှပ်စစ်ဓာတ်ငွေ့နှင့် စွမ်းအင်စျေးနှုန်းများ ကြီးမြင့်လာသည့်အတွက် လျှပ်စစ် ဓာတ်အားနှင့် ရေကိုခြိုးခြံချွေတာ သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ မိမိတို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့်လည်း ပြည်သူများအား လျှပ်စစ်ဓာတ်အားနှင့် ရေကိုခြိုးခြံချွေ တာ သုံးစွဲနိုင်မည့် နည်းလမ်းများ၊ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိ ပညာပေး ပိုစတာများ စိုက်ထူခြင်းဖြင့်လည်းကောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဖြင့်လည်ကောင်း၊ အွန်လိုင်းမှတဆင့် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် လည်းကောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီးနှင့် ရေကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ အန္တရာယ်ကင်းအောင်သုံးစွဲနိုင်ရေးတို့ ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူရအောင်(လောင်းလုံး )