ညောင်ဦးမြို့နယ်တွင် ဖရဲသီးစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရန် ဖရဲစိုက်ပျိုးတောင်သူများ မျှော်လင့်

ညောင်ဦး  မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးရာအောင် မြင်ဖြစ်ထွန်းပြီး  ဖရဲသီးရောင်းချချိန် ဈေးနှုန်းကောင်း ရရန်မျှော်လင့်နေကြောင်း သဖန်းကုန်းကျေးရွာ တောင်သူဦးမင်းညိုက ပြောကြားသည်၊

ညောင်ဦးမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးခြင်းအား သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ခဲ့ပြီး စတင် ပျိုးထောင်ချိန်က ဖရဲပျိုးစေ့များအား အဝတ်စများထဲထည့်ကာ တစ်ပေပတ်လည်ကျင်းထဲသို့ မြေဆွေးဖြင့် ရေနှပ်ထားရကြောင်း၊ မြေနှင့်ရေနှပ်ထားပြီး နှစ်ရက်မြောက်နေ့ ပျိုထောင်မည့်အိတ်ထဲသို့ ဖရဲစေ့အမြစ်ရှိသည့်ဘက်ကို အောက်ဘက်ပျိုးထောင် ထည့် ရကြောင်း သိရသည်။အိတ်ထဲသို့ထည့်ပြီး ပျိုးပင် ၂၀ရက်သားခန့်ရှိလျှင် ဖရဲစိုက်မည့် အခင်းသို့ ရွေ့စိုက်ပျိုးရကြောင်း၊ ရွေ့မစိုက်ပျိုးခင် ရေမြောင်းစနစ်ဖြင့် မြောင်းကျယ်လုပ်ကာ ပလတ်စတစ်ရှည်ဖြင့် ရေတင်ကျန်မှုရှိစေရန် ရေသွင်းပေးထားကာ ဖရဲပင်ပေါက်များအား နှစ်ပေခြားဖြင့် မြောင်းဘောင်ပေါ်တွင် ပလတ်စတစ်အိတ်ဖောက်ကာ စိုက်ပျိုးရကြောင်း သိရသည်။ စိုက်ပျိုးပြီး ၁၅တစ်လခန့်ရှိလျှင် အပင်လက်ရင်းမှအပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အဆိုပါ လက်ရင်းသီးအားခူး ဆွတ်ပြစ် မှသာ နောက်ထပ်သီးမည့်အသီးများ ပိုမိုသန်မာ ထွားကြိုင်းကြောင်း ဖရဲစိုက်တောင်သူဦးခင်ဇော်က ရှင်းပြသည်။ ဖရဲစိုက်ပျိုးခြင်းကို ညောင်ဦး မြို့နယ်တွင် စိုက်ပျိုးမှုမရှိခဲ့ကြောင်း စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးလုံး သန်မာကြောင်း၊ ဖရဲစိုက်တောင်သူများသည် ရောင်းပန်းလှရန်အတွက် ဖရဲတစ်ညွှတ်မှ အသီးသုံးလုံးသာယူပြီး အခြားအသီးလုံး များအား ခြွေပြစ်(ခူး)လေ့ရှိကာ သို့မှသာ ရောင်းတန်းဝင် အသီးများဖြစ်ပြီး ဈေးကွက်တွင်ရောင်းပန်းလှနိုင်ကြောင်း ကျောက်ပန်း တောင်းမြို့နယ် လဲဂွကျေးရွာမှ စီးပွားဖြစ်ဖရဲစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

စိုက်ပျိုးမည့် ဖရဲမျိုးစေ့များကို ဝမ်းတွင်းမြို့နယ်မှဝယ်ယူခဲ့ကာ ၂၁၁ တံဆိပ် ဒေသအခေါ် ဂျပန်ဖရဲမျိုးအား စိုက်ပျိုးခဲ့ခြင်းဖြစ် ကြောင်း၊ ပျိုးစေ့တစ်ထုပ် အစေ့ ၄၀၀ပါပြီး ၊တစ်ထုပ် ၁၇၀၀၀ ကျပ်ပေးဝယ်ခဲ့ရကြောင်း သိရကာ ဖရဲစမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းပြီး ရောင်းချချိန် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြောင်း သိရသည်။

ကိုထိန်၊KPD