ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စုရပ်၂ နေရာခွဲ၍ ရပ်ကွက်များအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသွားရောက်ထိုးနှံပေး

ဒဂုံအရှေ့  မတ်၂၂

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ် (Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ ရပ်ကွက်၊ ဒေသန္တရကျန်းမာရေး ဌာန၊ စစ်ပင်တောင်ရပ်ကွက်များသို့အရောက် ရပ်ကွက်နေပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် နေရာအဖြစ် (၂)နေရာခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၇ဒသေန်တရ ကျန်းမာရေးဌာနတွင် (၆၆)ဦး၊ စစ်ပင်တောင် ရပ်ကွက်တွင် (၇၇)ဦး၊ စုစုပေါင်း (၁၄၃)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။ 

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ