မြောက်ဥက္ကလာပ မတ်လ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ညှိနှိုင်းအစည်းဝေးတွင် မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်က မုန်တိုင်း ကျရောက်ပါကလိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက် မပြတ်ရယူ၍ လိုအပ်သလိုဆောင်ရွက်စေခြင်း၊ သက်ဆိုင်ရာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက သတင်းမှန် ကြေညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို အသိပေး ထုတ်ပြန်ပေးခြင်း၊ ရပ်ကွက်အလိုက် စီမံဆောင်ရွက်ရမည့်အစီစဉ်များကို ကြိုတင်ပြင်ဆင်ထားရှိရန် ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့ဦးက ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် Save ဖြစ်ရန် လိုအပ်ကြောင်း၊ လုံခြုံရေးကို တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးပါက နောက်ဆက်တွဲ ကူးစက်ရောဂါများအတွက် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိသူများကို မြောက်ဥက္ကလာပ ဆေးရုံအရေးပေါ်ဌာနနှင့် ချိတ်ဆက်ထားရန်လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်မှ ဈေးများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဈေးသူ/ဈေးသားများအား အသိပေးထားရှိကြောင်း၊ မြို့နယ်မီးသတ်မှ အချိန်နှင့်တပြေးညီ ကာကွယ်ရေးအတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိကြောင်းကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း