သာစည်မြို့နယ်တွင် ဒေသခံ ပြည်သူ ၁၃၄၂ ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

သာစည် မတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဒေသခံပြည်သူ ၁၃၄၂ ဦးတို့အား  ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ သတ်မှတ်ဆေးထိုးစုရပ် အသီးသီး တို့၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲများက မြို့ကြီးကုန်း၊ မြင်းခွက် ၊အလယ်ကန်မြင်းခြံ ၊ တမာကုန်း၊ ငသက်၊ ကန်ရှည်၊ ဘွံ့ခြား၊ ထနောင်းကုန်း၊ တမာကုန်း၊ ဌက်မင်းကုန်း၊ သနပ်ကန် ၊ ကျွဲတပ်ဆုံ၊ ကျောက်အိုးကျေးရွာ ဆေးထိုးစုရပ်အသီးသီး တို့တွင်  အဌမအသုတ် ပထမအကြိမ်အကြိမ်နှင့် ဆဌမအသုတ် ဒုတိယအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ နေသည့် အသက်၁၈နှစ်နှင့်အထက် ပြည်သူ ၁၂၆၅ ဦး ၊ Covishleld အမျိုးအစား ကာကွယ်ဆေးပထမအကြိမ် ထိုးနှံထားရှိသည် ပြည်သူ ၇၇ ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။

မြိုနယ်(ပြန်/ဆက်)