လွယ်ဂျယ် မတ် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေစာချစ်မြတ်နိုးသူများ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းနိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ် ရွှေခေတ်စာစောင်မှ စာရေးဆရာ ခင်ဆွေဦး ရေးသားသည့် လူငယ်တွေ၏ လှပသော အနာဂတ် အကြောင်းအရာကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ လူငယ်များက အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)