ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်း ရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး အဖြစ် အိန္ဒိယ နိုင်ငံထုတ် Covidshield ကာကွယ်ဆေးများကို (၃၈၊) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံ၊(၅၁) ရပ်ကွက်ဓမ္မာရုံတို့၌ ပထမအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှု မှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ ရက်နေ့တွင် ပထမအကြိမ်ထိုးနှံသူ (၁၄၄) ဦးနှင့် တတိယအကြိမ်ထိုးနှံသူ (၃၉၉) တို့အား Covidshield ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ