ထားဝယ်မြို့တွင် မုန်တိုင်းငယ်အန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ထားဝယ် မတ်  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သဘာဘေးအန္တရာယ်များကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေများတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး ထားဝယ်မြို့ ကမ်းနားဈေး၊ လူစည်ကားရာနေရာများ၊ ကမ်းနားလမ်းမြစ်ကမ်းတစ်လျှောက်တို့တွင် အများပြည်သူများအားမုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များ၊ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက်နှင့် ရေဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)