ကျိုင်းတုံ မတ် ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများသည် ယမန်နေ့နံနက် ၁၁နာရီက ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာရှိ နမ့်ခင်ချောင်းသို့ ရောက်ရှိပြီး နမ့်ခင်ချောင်း တစ်လျှောက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ သီးနှံများစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု အခြေအနေ များ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကျိုင်းတုံဒေသခရီးစဉ်၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက နမ့်ခင်ချောင်းမှ ရေစုကာ ဆိုလာစနစ်ဖြင့် ရေတင်ပြီး သီးနှံများစိုက်ပျိုး ဆောင်ရွက်နိုင်မည့် အခြေအနေများ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း တင်ပြ သည်။
ဆက်လက်၍ နမ့်ခင်ချောင်းဘေးတစ်လျှောက် မြေယာများ၌ သီးနှံများစိုက်ပျိုးသည့် တောင်သူများက စိုက်ပျိုးသည့် သီးနှံများ၊ သုံးစွဲသည့် မြေဩဇာများ၊ ထွက်ရှိသည့် သီးနှံများ ဈေးကွက်ရရှိမှုစသည့် အခြေအနေများတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ အတွက် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးက တောင်သူများအား သီးနှံမျိုးစေ့များ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာ၊ သီလဓမ္မ ကုန်းသာတောရ ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်)အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်း များ ဆက်ကပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီူချုပ်နှင့် တိုင်မှူးတို့က ကျိုင်းတုံမြို့၊ မဟာမြတ်မုနိ ဘုရားကြီး နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာအခမ်းအနား အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက် ခဲ့ကြ သည့် လုပ်ငန်းကော်မတီ အသီးသီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ဘွဲ့နှင်း သဘင် အဆောက်အဦး တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)