မြဝတီ မတ်၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး အလှည့်ကျထုတ်ပေး ခဲ့သည်။
ထို့သို့ထုတ်ပေးရာ၌ယနေ့ မတ်လ(၂၁)ရက်နေ့တွင် အငြိမ်းစားဝန်ထမ်း(၅၄၂)ဦးက ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။
ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာ များကိုလည်း အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)