ကလော မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အောင်ပန်းမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အဆိုပါ သင်တန်းကျောင်းရှိ လူငယ်လူရွယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မှုးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားစီး ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ရှင်းလင်းပြသ ခဲ့ရာ သင်တန်းသား လူငယ်များက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)