သင်္ဃန်းကျွန်း မတ် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်း ဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသောအသိပညာဗဟုသုတများ အတွေးအခေါ်အသိအမြင်များအား အချင်းချင်း မျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး က တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာမ ရီရီဌေး ရေးသားသော စာစီစာကုံးများစာအုပ်ထဲမှ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ၊ မည်သို့မည်ပုံတိုက်ပွဲဝင်ပုံ၊ တပ်မတော်နေ့၏အဓိပ္ပာယ်အကြောင်းအရာများကို စာရေးဆရာမညွှန်ညွှန် (ကလော)က ဉီးဆောင်ဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များက ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)