လားရှိုး မတ် ၂၁
၂၀၂၂ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ ချယ်ရီရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး သစ်တောဦးစီးဌာန၊ လားရှိုးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝေက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ပေါ်ပေါက်လာပုံ အကျဉ်းချုပ်နှင့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ဧည့်သည်တော်များအား ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ရိုက်ကူးထားသော ဗီဒီယိုအား ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး