မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို  သွားရောက်ငှားရမ်းပေး

မိုင်းလုံ မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် သွား‌ရောက်ငှားရမ်း ပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ပရိတ်သတ်များ  အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး အလယ်ရပ်ကွက်ရှိ ဦးရန်ဆိုင်အိမ်တွင်စုရပ်အဖြစ်သတ်မှတ်၍ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားကိုလည်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရှိရသည်။

ဇော်ဇော်(ပြန်/ဆက်)