မိုင်းယန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယန်း မတ် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ ရည်မှန်းချက် ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့် အညီနေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံ များ၊ အသိပညာ ဗဟုသုတနှင့်ပြည့်စုံအောင် စာအုပ်စာပေများ ရှာဖွေဖတ်ရှုသင့်ပုံများနှင့် မျိုးဆက်သစ်လူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆိုင်ရာအကြောင်းအရာများအား အကျယ်တဝင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းထူး