လှိုင်သာယာ(အနောက်ပိုင်း )မတ် ၂၁
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ် တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားအား ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ လက်ထောက်လဝကမှူး ဦးသူရအောင်နှင့် အဖွဲ့ဝင် (၇) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးတက်စံ နှင့် အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ကျား(၂၂)မ(၂၃)ပေါင်း(၄၅)ဦး ဆောင်ရွက် ပြီးစီးခဲ့ပြီး မှတ်ပုံတင် ကတ်ပြားအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း