လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ (Mask+Hand Sanitizer) များ ဖြန့်ဝေလှူဒါန်းခြင်း

လှိုင်သာယာအနောက်ပိုင်း မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ မျိုးကွဲဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု လျော့နည်းလာစေရေးနှင့် ရောဂါကွင်းစက် ပြတ်တောက်စေရန် ရည်ရွယ်၍  ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၈) ရပ်ကွက် အတွင်းရှိ ရွှေရင်အေးစျေးအတွင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းမင်းဇော် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်အင်အား(၁၃) ဦး မှ (Mask + Hand Sanitizer)များ လိုက်လံဝေငှပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)