ထန်းတပင်မြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား လိုက်လံအသိ​ပေး နှိုး​ဆော်

ထန်းတပင်(ရန်ကုန်) မတ်၂

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ခြေအနေများနှင့် ပက်သတ်၍ အများပြည်သူများ ကြိုတင်သတိပြုနိုင်ရန်အတွက် အသိပေးနှိုးဆော်မှုများကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် လိုက်လံ၍ အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းငယ် သတိပေးချက်အား အသိပေးနှိုးဆော်ရာတွင်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်၊ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် လူအသွားအလာ များပြားသည့်နေရာများ၊ လမ်းဆုံ၊ ကားဂိတ်နှင့် မြစ်ဆိပ်တို့တွင် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းငယ် သတိပေးချက်အား အသိပေးနှိုးဆော်မှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုများဖြင့် အသိပေး နှိုးဆော်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်