ကျောက်မဲ မတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန် က လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင် က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း အဆင့်ဆင့်ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ၅ ရက်ကြာ အခမဲ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)