ကလောမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောကျင်းပ

ကလော မတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါဟောပြောပွဲတွင် ပညာရေးဌာန တာဝန်ခံဆရာမက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းအေးခိုင်က လူငယ်နှင့်စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမ ဦးစီးအရာရှိဒေါ်ကျော့ကေခိုင်ထွန်းက လူငယ်နှင့် အားကစားခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ယင်းဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နန်းအေးခိုင်(ကလော)