ရန်ကုန် မတ် ၁၉
ရှေးဦးစွာ လူငယ်များ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အားကစားစိတ်ဓာတ်မြင့်တင်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အကျင့်စာရိတ္တကောင်းမွန်ရေး၊ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့် ဆက်လက်ဟောပြောခဲ့ရာ ထို့နောက်မှာတော့ ရန်ကုန် အရှေ့ပိုင်းခရိုင် ပညာရေးမှူး(တာဝန်ခံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာက စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့သို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုး တက်စေရန်၊ ကလေးငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဲ့ဒီနောက်မှာတော့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူ ကလေးငယ်များမှ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်