အလုံမြို့နယ်တွင် ​ ​သောက်သုံး​ရေ လိုအပ်လျက်ရှိ​သော ပြည်သူများထံသို့ ​ရေများ အခမဲ့ ဖြန့်ဝေလှူဒါန်း

အလုံ မတ်လ ၁၉

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်လျက်ရှိ​သော ပြည်သူ များထံသို့  ​ရေလှူဒါန်းခြင်းကို ယ​နေ့  နံနက်(၈း၀၀)နာရီအချိန်က လှူဒါန်းဖြန့်​ဝေခဲ့​ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေး အဖွဲ့အစည်းတို့ ပူးပေါင်းကာ ဆင်မင်းရပ်ကွက်အတွင်းရှိရေလိုအပ်လျက်ရှိ​သော အိမ်ခြေ(၉၂)အိမ်၊  အိမ်ထောင်စု(၁၀၁)စု၊  လူဦးရေ(၁၄၂)ဦးခန့်အား ရေဂါလံ စုစုပေါင်း (၃၂၀၀)ခန့်အား အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တင်တင်ချို (ပြန်/ဆက်)