ကျေးသီး မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများထံသို့ ပေးအပ်ခဲ့ပြီး ကျေးသီး မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်( ၂ )နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့ရာတွင် ၂၀၂၁-၂၀၂၂ခုနှစ် (၆)လ ဘတ်ဂျက် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ) သုံးလစာထောက်ပံ့ငွေအတွက် ကျေးသီးမြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်(၁၃၂၅)ဦးနှင့် ကလေးသူငယ်(၇၂၇)ဦး စုစုပေါင်း(၂၀၅၂)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (ကိုးရာလေးသိန်းနှစ်သောင်းတိတိ)(၉၀၄၂၀၀၀၀/- ) အား ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သဲစုပိုင်(ကျေးသီး)