အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်​​ရေးအတွက်  ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံ​ပေး

အလုံ    မတ်လ  

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး စီမံချက်အရ  အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြေပြင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်​​နေ့၊ နံနက်(၉း၀၀) နာရီအချိန်က ဆင်မင်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊  ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင်  Phase-6 second dose  (၂၄၀၂၁)ဦးနှင့် Phase-7 first dose (၅၂၃၀၂) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်​ပြီး ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအလိုက် သက်ဆိုင်ရာရပ်ကွက်များသို့ ကွင်းဆင်း ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သတင်းရရှိသည်။

တင်တင်ချို (ပြန်/ဆက်)