ဒဂုံအရှေ့ မတ် ၁၉
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Covishield) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာန၊ (၄)ရပ်ကွက် စုပေါင်းဓမ္မာရုံ၊ (၅)ရပ်ကွက် ဓမ္မာရုံများသို့ အရောက် ရပ်ကွက်နေ ပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်နေရာအဖြစ် (၃)နေရာခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၇ဒေသန္တရ ကျန်းမာရေးဌာနတွင် (၂၄)ဦး၊(၄)ရပ်ကွက် စုပေါင်းဓမ္မာရုံတွင်(၇၁)ဦး၊ (၅)ရပ်ကွက် ဓမ္မာရုံတွင် (၁၁၄)ဦး၊ စုစုပေါင်း(၂၀၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက် ထိုးနှံသူ များအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)