မန်တုံ ဩဂုတ် ၃၀
စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပစ္စည်းများအဖြစ် ခြေနင်းလက်ဆေးဘေစင် (၂) စုံ၊ PPE ဝတ်စုံပြည့် (၅)စုံ၊ ရိုးရိုး Face Shield (၄၀)ခု၊ မျက်မှန် Face Shield (၄၀)ခု၊ စေတနာ့ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် Hygiene Kit (၄၀) ပုံး တို့အား စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက မန်တုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ မှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူမောင်မောင် (ပြန်/ဆက်)