မိုးကုတ်မြို့နယ်တွင် အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့၏ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးကုတ် သြဂုတ် ၂၉

မိုးကုတ်မြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို မိုးကုတ်မြို့နယ် ကိုးကန့်စာပေ နှင့်ရိုးရာ ယဉ်ကျေးမှုခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

 အခမ်းအနားတွင် မိုးကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမိုးဦးမှ အဖွင့်အမှာ စကားပြောကြားရာ ယနေ့ကျင်းပသည့် အခမ်းအနားသည် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် ပါဝင်ကူညီပေးခဲ့ကြသော စေတနာ့ဝန်ထမ်း တစ်ဦးချင်းစီ အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲဖြစ်ကြောင်း ၊ သို့သော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေအနေအရ အသင်းအဖွဲ့တစ်ဖွဲ့လျှင်တစ်ဦးသာ ဖိတ်ထားခြင်းကို နားလည်ပေးကြပါရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာ‌သာ ဌာနဆိုင်ရာ များမှ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ Mask များ၊ Hand Gelများ လူမှုရေးအသင်း အဖွဲများ၊စေတနာ့ဝန်ထမ်း အဖွဲ့များ၊NGO အဖွဲ့အစည်းများအား အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇေယျာမြင့်(ပြန်/ဆက်)