မိုင်းကိုင်မြို့နယ်၊ စံပေါင်ကျေးရွာ ခိုဟတ်တံတားတည်ဆောက်ပြီးစီး

မိုင်းကိုင်   ဩဂုတ်   ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းရှိ  စံပေါင်ကျေးရွာ ခိုဟတ်တံတားကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  တည်ဆောက်ပြီးစီး ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါတံတားသည်  ယခင်က  သစ်သားတံတားဖြစ်ပြီး အများပြည်သူသွားလာဖြတ်သန်းရန် အခက်အခဲများရှိခဲ့ကြောင်း ယခုအခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ၊ ပြည်သူလူထုထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၀.၀၃ သန်း ဖြင့် ကွန်ကရစ်တံတားသစ်ကို တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့်   လမ်းပန်းဆက်သွယ်ရေး ခက်ခဲများ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း ၊ စံပေါင်ကျေးရွာ ခိုဟတ်တံတားသည်  စံပေါင်ကျေးရွာအပြင်  အနီးအနားပတ်ဝန်းကျင်ရှိ  ကုန်းညောင်ရွာ၊ ဖာစားရွာနှင့် ဟိုခဲကျေးရွာအုပ်စုရှိ လုံစံရွာ စသည့်ပြည်သူများပါ  အသုံးပြုသွားလာနေသော တံတားဖြစ် သောကြောင့်  တံတားတည်ဆောက်ပြီးစီးမှုအပေါ်  ပြည်သူများ ဝမ်းမြောက် ပျော်ရွှင်နေကြကြောင်း  ဟမ်းငိုင်း ကျေးရွာအုပ်စု ရပ်ကျေးစာရေး  ဒေါ်နန်းနွမ်းမို၏  ပြောကြားချက်အရ  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)