ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မျိုးသန့်၊မျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်

ကော့မှူး ဩဂုတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင် ရွက်သော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်() တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှကြည်က တောင်သူများ အနေဖြင့် မျိုးသန့်မျိုးကောင်းများ အသုံးပြုခြင်းဖြင့် စပါးအထွက်နှုန်း ကောင်းမွန်ပြီး ဝင်ငွေ တိုးစေရန် ရည်ရွယ်ပြီး ဒေသခံ တောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ()ရွာမှ တောင်သူ(၁၂၈)ဦး၊ ဧက(၆၆၀)ဧကအတွက် တစ်ဧကလျှင် ပေါ်ဆန်းရင် မျိုးသန့်မျိုးစေ့အတွက် (၁၅၀၅၀၀)ကျပ်ဖြင့် စုစုပေါင်းဧက(၆၆၀)အတွက် စုစုပေါင်း(၉၉၃၃၀၀၀၀) ကျပ် အား တောင်သူများထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး