နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံ

ဇမ္ဗူသီရိ     ဩဂုတ်    ၂၈

နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန် မြေကွက်အမှတ် (JW-054)၊ PPEG Construction Co,Ltd တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအကြား ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး စက်မှုဇုန် လုပ်ငန်းရှင် များ၏ အကျိုးကိစ္စများနှင့် စက်မှုဇုန်ဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက် ရန်အတွက် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး တည်ဆောက်သွားနိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ စက်မှုဇုန် လုပ်ငန်းရှင်များမှ မတည်ငွေ ထည့်ဝင်နိုင်မှု၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ ပံ့ပိုးပေးရမည့် အခြေအနေများ နှင့် စက်မှုဇုန်လုပ်ငန်းရှင်များ၏ အခက်အခဲများအား သိရှိကူညီဆောင်ရွက် ပေးနိုင်ရေး၊ လုပ်ငန်းစတင် ဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေး စက်မှုဇုန် ဉပဒေပါ စည်းကမ်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များက စက်မှုဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့် ကော်မတီရုံးတည်ဆောက်ရန်အတွက် မတည်ငွေ ထည့်ဝင်နိုင်မှု အခြေအနေများကို အကြံပြု ဆွေးနွေးကြရာ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို ဖြည့်စွက် အတည်ပြုဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)