နေပြည်တော်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၂၈

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ()နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့အဝင် ဂိတ်များနှင့် ခရီးသည်တင်ယာဉ်လိုင်းများအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အဝေးပြေး ယာဉ်လိုင်းများတွင် ရောဂါကူးစက်မှုများကို ထိရောက်စွာဟန့်တားနိုင်စေရေးအတွက် အဓိကထား သတိပြု ဆောင်ရွက်ထားရှိကြ ရန်လိုကြောင်း၊ လိုက်ပါစီးနင်းကြသည့် ခရီးသည်များ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် အချက်အလက်များကို ရယူထားရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများနှင့် ရှောင်တခင် စစ်ဆေးမှု များကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး က နေပြည်တော်အတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို လည်းကောင်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးမင်းဦး က နေပြည်တော် အဝင်/ အထွက်ဂိတ်များနှင့် မော်တော်ယာဉ်လိုင်းဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်နေသည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေး ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)နှင့်(မြို့တွင်း) တိုမှတာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြရာ နေပြည်တော်ကောင်စီဝင်က ပူးပေါင်း ဆောင်ရွက်သွားရမည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)