မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ

မြိတ်  ဩဂုတ် ၂၈

မြိတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များတွင် ကြေညာပေးခြင်းများကို ည ၇ နာရီအချိန်က မြို့နယ်ဂရုဏာနာရေးကူညီမှုအသင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကြေညာရာတွင် မြိတ်မြို့နယ်၌ လူစည်ကားရာနေရာများဖြစ်သည့် ကမ်းနားလမ်းနှင့်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန်၊ လက်ကိုမကြာမကြာဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း (Hand Speaker) ဖြင့် ပြည်သူများ သိရှိစေရန် ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဝါဝါခိုင် (မြိတ်ခရိုင် ပြန်/ဆက်)