ပုဇွန်တောင် သြဂုတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ လူအဝင်အထွက်များသည့် စျေးများ ဖြစ်သည့် ပုဇွန်တောင်စျေး၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ကြေညာပေးခြင်းနှင့် Mask Campaign အဖြစ် Mask များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ယနေ့အဖြစ်များနေသော ကူးစက်မြန်ရောဂါ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ရန် လိုအပ်သဖြင့် mask တပ်ဆင်ရန် မေ့လျော့နေသူများအား ပုဇွန်တောင်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ mask အခု(၁၀၀)ကို ဖြန့်ဝေခဲ့ကြောင်း သိရှရသည်။ အဆိုပါ စျေးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များအား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ရောင်းချသူ/ လာရောက်ဝယ်ယူသူ အားလုံး Mask တပ်ဆင်ပြီးမှသာ စျေးအတွင်းဝင်ရောက်ရေး၊ လက်ဆေးခြင်းကို မကြာခဏ ဆောင်ရွက်ပေးကြစေရေးတို့ကို နှိုးဆော် ကြေညာ ပေးခဲ့ကြပြီး ပြည်သူများအား Mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေခြည် (ပြန်/ဆက်)