နမ့်ခမ်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့မှ ကျေးရွာသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်

နမ့်ခမ်း       သြဂုတ်       ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရန် မြို့နယ်ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့မှ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းပြီး မဲစာရင်းများ တိုက်ဆိုင် စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်း၊ အသက် (၁၈)နှစ် ပြည့်သူတိုင်း မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမှု မရှိစေရန် စိစစ်ခြင်းနှင့် မဲဆန္ဒရှင် စာရင်းမှပါသည့် အချက် အလက်များ မှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် အမည် မပါရှိသူများကို အမြန်ပြန်လည် လျှေက်ထားနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှ မပါဝင်သင့်သည့် အမည် စာရင်းများ ပယ်ဖျက်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာစာရေးများနှင့် ရပ်မိရပ်ဖတို့ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများကို အိမ်တိုင်ရာရောက် ဆောင်ရွက်သည်။ 

ဆက်လက်ပြီး  နမ့်ခမ်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အသီးသီးတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ ပူးပေါင်းပြီး ဟိုနားကျေးရွာနှင့် ပန်ခါးကျေးရွာသို့  ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း (ပြန်/ဆက်)