ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး လိုက်လံနှိုးဆော်

ပုလော ဩဂုတ် ၂၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ​ဒေါ်စောမြနွယ်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှပ်ပုံကျေးရွာမှ အဖြူရောင်တွဲလက်များပရဟိတအသင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင် ရာကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ယမန်နေ့နံနက် (၈) နာရီက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌   အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုရှိ ရှပ်ပုံ၊ ရေချို၊ မီးလောင်အော်၊ သမုတ်တောင်၊ ပြင်းငယ်၊ အထဲစု စသည့် ကျေးရွာ (၆) ရွာ၌ လက်ကိုမကြာခဏဆေးရန်၊ အပြင်ထွက်တိုင်းနှာခေါင်းစည်းကို စနစ်တကျတပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည်များကို တစ်ပါးတည်းယူဆောင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးတွင်သာနေထိုင်သွားလာကြရန်နှင့် ရေးဘေး၊ မိုးခေါင်ရေရှာဘေး၊ လျှပ်စစ်အန္တရာယ်၊ ငလျှင်ဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)