သီပေါ သြဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီခွဲ အချိန်က သီပေါမြို့နယ် အတွင်းရှိ မြို့မစျေး၊ ကျောင်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းရှေ့နှင့် မြို့နယ် ဘောလုံးကွင်း ရှေ့ စသည့်နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိပြည်သူများ နှာခေါင်းစည်း (Mask) များအား စနစ်တကျတပ်ဆင်၍သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့်စနစ်တကျ စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန် စသည့်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေး ခြင်းများကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခြင်းများနှင့် လမ်းသွားလမ်းလာပြည်သူများ၊ ကား၊ ဆိုင်ကယ်စီးနှင်း သွားလာနေသော ပြည်သူများကို နှာခေါင်းစည်း(Mask)အခုရေ(၁၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)