ဝမ်းတွင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းများဆောင်ရွက်

ဝမ်းတွင်း ဩဂုတ် ၂၈

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်  (၉) နာရီအချိန် ရန်ကုန်-မန္တလေး လမ်းမကြီး-ဝမ်းတွင်းဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် မဖြစ်မနေ “Mask” ကို စနစ်တကျတပ်ဆင်ကြစေရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ ပြုမူနေထိုင်ကြစေရန် အသိပညာပေးခြင်းနှင့် ခရီးသွားပြည်သူများအား Mask Campaign များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူနှင့် ဌာနဆိုင် ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဌေးလှိုင်(ပြန်/ဆက်)