ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပုဗ္ဗသီရိ  ဩဂုတ်  ၂၈

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အ ထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှှယ်ဦးရည်မွန်၊ နေပြည်တော် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးနှင့်အရေးပေါ် လူမှုကူညီရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းသက်နိုင်ထွေးနှင့် အဖွဲ့ဝင်များက ပုဗ္ဗသီရိညဈေးအတွင်း ဈေးရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်သူများအား တစ်ဦးလျှင် နှာခေါင်းစည်း ငါးခုနှုန်းဖြင့် စုစုပေါင်း နှာခေါင်းစည်း ၄၅၀၀ ကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်း ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုဗ္ဗသီရိညဈေးတွင် ဈေးရောင်းချ သောဈေးသည် များအား နှာခေါင်းစည်းများတပ်ဆင်၍ ရောင်းချစေပြီး ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်း များတပ်ဆင် ထားမှသာ ဈေးအတွင်းဈေးဝယ်ခွင့်ပြုထားကြောင်းသိရသည်။

 

ကံချွန်(ပြန်/ဆက်)