ကြာအင်းဆိပ်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများလိုက်နာရန် စည်းကမ်းချက်များကို လိုက်လံနှိုးဆော်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ရပ်ကွက်/ကျေးရွာအုပ်စုများ ဈေးများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ယာယီပျံကျဈေးနှင့် ရပ်ကွက်များအတွင်း ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ကာကွယ်ရန်နည်းလမ်းများကို ပြည်သူများ သိရှိလိုက်နာနိုင်ရန် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)