မိုးနဲ ဩဂုတ် ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်ပြီး တောင်ကျချောင်းရေများ စီးဝင်လာမှုကြောင့် ပြည်ထောင်စုလမ်း မိုင်တိုင်အမှတ် ၄၈ ကီလိုမီတာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှေ့ တွင်လမ်းမ ပေါ်ရေကျော်ခြင်း၊ ကျောင်းဝင်းအတွင်း ရေဝင်ရောက်မှုနှင့်အနောက်ဘက် ကျောင်းဝင်းအုတ်တံတိုင်း ပေ ၁၆၀ ခန့်ပျက်စီးခဲ့ပြီး ပေါ့မိုင်း (အ.မ.က)ကျောင်းစာသင် ဆောင်အတွင်သို့လည်း ရေများ ဝင်ရောက် ခဲ့ကြောင်း သိရသည်။
ပြည်တောင်စုလမ်းမ ရေကျော်မှုနှင့် ကျောင်းဝင်းအုတ် တံတိုင်းပြိုကျ ပျက်စီမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် နှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)