မြောက်ဥက္ကလာပ ဩဂုတ် ၂၆
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများ ဖတ်ရှုနိုင်စေရန် စာဖတ်ရှိန် မြှင့်တင် ရေး ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက ကြယ်စင်စု ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်း က " စာဖတ်ကြပါစို့" ခေါင်းစဉ် ဖြင့် ကျောင်းသား/ ကျောင်းသူများ စာပေ ဖတ်ရှုရာတွင် မိမိဘဝ အတွက် တိုးတက်ကောင်းမွန်ရာ စာပေများ ရွေးချယ် ဖတ်ရှုရန်၊ ဖတ်ရှုလိုသည့် စာအုပ်များကို မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ အသင်းဝင်ရောက်၍ ငှားရမ်း၊ ဖတ်ရှုရန်၊ လူကုန်ကူးမှု မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်း များကို ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်တွင် ထားရှိရန် သုတ/ရသ စာအုပ်များကို မြိုနယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်မြမြဝင်းက ပေးအပ်ရာ ကြယ်စင်စု ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင် ဒေါ်ဥမ္မာ က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)